တိုက်တော်မဟာ ခုနှစ်လွှာအတွင်းရယ်က
မလွမ်းပေါင်ကွာ ဒီမောင် တင်း သော်လည်း
ရင်းတွင်းရယ်က လှိုက်လို့ဖို။
အမြဲမပြတ် စွဲမှတ်ကာထင်မြင်နေတာက
တီတီတာ ပလီကာ ဆိုးပေမဲ့
အစဉ်သာ ရွှင်ကြည်ကာ ဝင်းပါတဲ့
“တင့်” ရဲ့ မျက်နှာ။
သန်းခေါင်မှာ တ လျှက် ညည်းမိတော့
“တင့် မောင်” မှာ ခပ်ကြေင်ကြောင်အတွေးတွေက
တရေးရေး ပြန့်လွင့်တယ်အစုံ
ဖော်မစုံ ခဲ့ ကြာပြီပဲ။
“မြန်” “တိုင်း” နယ်အကုန်
ချစ်တိုင်းကွယ် အတူမဆုံနိုင်ရှာတဲ့
လွမ်းပုံမှာကမ်းကုန်ရစ်သူတို့
“နက်”(net) ခုံမှာ ဇက်ကုန်ဖွင့်နိုင်ဖို့ နော်ဗျာ.....
ဒီခေတ်မှာ“ ကွန်ပျူတာ” ဟာဖြင့်
“ပြည်မြန်မာ” အိမ်တကာရှိဖို့ကွယ်
တောင်း....တောင်းဆုလျှက် အမြဲ....။ ။
ကိုကြီးကျော်။ ။
ဒို့ပြည်မြန်မာ အိမ်တကာ ကွန်ပျူတာ ရှိပါစေ......
ပီစီ(PC)တစ်လုံး ကိုယ်စီသုံး ရွှင်ပြုံးကြပါစေ။
“ အွန်လိုင်းတက်လာ” များသူငါ “ကြူ” နိုင်ကြပါစေ.....
“ ကြူ သူ”တိုင်းလည်း အစဉ်မြဲ ရင်ထဲရှိပါစေ။
“ကြူချိန်”တိုင်းတွင် အမြဲပင် “ကွန်နက်ရှင်” (connection) ကောင်းပါစေ ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment