Wednesday, October 29, 2008

“သူ့အကြောင်း”(ယစ်ရွှေရည်)

သောက်ဖွယ် သောက်ရာ ယမကာကို
ရှာ၍မပြတ် ဆိုင်တွင်နှပ်။
နှပ်ပြန်သော်ကား သောက်ဖန်များသော်
သောက်ချိန်ကျလျှင် “ခွက်လက်ကျွင်း”ရှာ မနေသာပဲ
ငွေကုန် ၊ရန်ပွါး။ နေ.တိုင်း ..များ ..က
“မူး၊ ညစ် ၊ပိန်၊နာ”ကျသည်သာတည်း။
သောက်ဖွယ် သောက်ရာ ယမကာကို
ဝယ်၍မပြတ် အိမ်တွင်နှပ်။
နှပ်ပြန်သော်ကား မူးဖန်များသော်
သားမယားပင် ချစ်ခင်ကင်းကွာ ရွံရှာလာ၍
ရန်မူစကား နေ့တိုင်းကြားသော်
ပစ်သွားရှောင်ခွာ ရှိသည်သာတည်း။

ရင်တွင်းမှထုတ်လုပ်သည်။.....
ကိုကြီးကျော်။ ။

No comments: